Saturday, July 11, 2009

We can see the nice view on top of the hill !!!!!







Forest Walk












11-07-2009
Henderson Waves. (Singapore)

Thursday, July 9, 2009




the person who the most understand me ( my sister - thit thit )

Who is the most Fattest one among us ( HE HEE ) :))))






Hnin Hnin



Dont Turn Back :)))

Very handsome and pretty ( brother and sister )

Ko Myo and Ma Ma Muya.



Woh !!! So Happy in the water (Palawan Beach) in Sentosa.



who are they , coz so pretty but abit dark :)))

We went Sentosa on Sunday ( 05-07-09 ) with aunty aye.
But i remembered the day that i went to sentosa with Daw thit , ko thant and ko hein :((((


Ma hnin's apartment ( Pasir Panjang )

Aunty Aye ( 04-07-09 ) at Singapore


We take photos with aunty aye who arrived singapore for just visiting and caring of us.

Tuesday, July 7, 2009

JOKES FOR RELAXING

နိုင်ငံခြားသားတိုးရစ်တစ်ယောက်သည် ဒေလီနှင့် အဂါရာတို့ကို လည်ပတ်ဖို့ စကားပြန်တစ်ယောက်ငှားလေသည်။ ဒေလီရှိ Red Fort ကိုရောက်တော့ တိုးရစ်က
စကားပြန်အား
“ဒါကြီးကို ဆောက်တာ အချိန်ဘယ်လောက်ကုန်သလဲ”
“အနှစ်နှစ်ဆယ်ကြာပါတယ်ခင်ဗျ” ဟု စကားပြန်က ပြန်ဖြေသောအခါ
“မင်းတို့ အိန်ဒီးယန်းတွေက တယ်ပျင်းသကိုး... ငါတို့နိုင်ငံမှာဆို အလွန်ဆုံးကြာ ငါးနှစ်လောက်ပဲ”
ထို့နောက် အဂါရာရှိ တက်ဂ်ျကျောင်းတော်သို့ရောက်သောအခါ အချိန်ဘယ်လောက်ကြာအောင် ဆောက်ရသလဲဆိုတာမေးပြန်သည်။ စကားပြန်က
“၁၀ နှစ်လောက်ကြာပါလိမ့်မယ်” ဟုပြန်ဖြေသောအခါ
“ငါတို့ဆီကလူတွေနဲ့ဆို ၂နှစ်ခွဲလောက်ပဲကြာမယ်” ဟုထပ်ပြောပြန်သည်။
ဒီလိုနဲ့ အဆောက်အအုံတွေရဲ့တည်ဆောက်တဲ့သက်တမ်းတွေကို မေးတိုင်း စကားပြန်က ပြန်ဖြေတိုင်းမှာ တိုးရစ်က သူတို့နိုင်ငံနှင့်နှိုင်းပြီး
လေးပုံပုံတစ်ပုံလောက်လျှော့ပြီး မော်ကြွားစွာပြောလေသည်။ နောက်ဆုံး Qutab Minar ကို ရောက်သောအခါ ဘယ်လောက်ကြာကြာအချိန်ယူရသလဲဆိုသည့်
မေးခွန်းကို ထပ်မေးပြန်သည်။ စကားပြန်လည် ခပ်ချဉ်ချဉ်ရှိသည်နှင့်
“ကျွန်တော်မသိဘူးခင်ဗျ၊ မနေ့က မနက်ခင်းအထိ ဒီနေရာမှာ ဘာမှမရှိသေးဘူး”


လူငယ်ကလေးတစ်ယောက် နွားနို့ညှစ်နေစဉ် နွားသိုးကြီးတစ်ကောင်မှာ ရှူးရှူးရှားရှားဖြင့် လူငယ်ကလေးဆီသို့ ပြေးဝင်လာသည်။ ဘေးနားမှာ
ရပ်ကြည့်နေသူအပေါင်းထိတ်လန့်နေကြသော်လည်း ထိုလူငယ်ကလေးမှာ အေးအေးဆေးဆေးဖြင့် နို့ဆက်ညှစ်နေသည်။ နွားသိုးကြီးမှာ မာန်ဟုန်ပြင်းစွာဖြင့်
တဟုန်ထိုးဝင်လာလေသည်။ သို့သော် လူငယ်ကလေးနားရောက်တော့ ရုတ်တရက်ရပ်လိုက်ပြီး ပြန်လှည့်ပြေးသွားသည်။ အခြားသူများက လူငယ်ကလေးအား
မကြောက်လန့်ဘူးလားဟု မေးကြရာ လူငယ်ကလေးက
“မလန့်ပါဘူးဗျာ... ဟော့ဒီ ကျွန်တော်နို့ညှစ်နေတဲ့နွားမက ဟိုနွားသိုးကြီးရဲ့ ယောက္ခမဆိုတာ ကျွန်တော်သိနေတာပဲ”

:)
အကြမ်းဖက်သမားနှစ်ယောက်သည်အဆောက်အအုံတစ်ခုအားဗုံးခွဲရန်ဗုံးကိုသယ်ဆောင်လာလေသည်။ပထမတစ်ယောက်ကအခြားတစ်ယောက်အား“မြန်မြန်မောင်းပါဟေ့ကောင်ရ၊တော်ကြာနောက်ကျနေရင်ဒီဗုံးပေါက်ကသွဲားလိမ့်မယ်”“မပူပါနဲ့သယ်ရင်းရာ၊ဒီဟာပေါက်ကွဲသွားလည်းဖင်ထိုင်ခုံအောက်မှာနောက်အပိုတစ်ခုငါထပ်ယူလာခဲ့သေးပါတယ်”

:)
ပထမဆုံးမင်္ဂလာနှစ်ပတ်လည်ပြည့်အဖြစ် ခင်ပွန်းသည်က ဇနီးကလေးအား GSM တစ်လုံးဝယ်ပေးလေသည်။ ဇနီးသည်အားလည်း GSM ၏ အလုပ်လုပ်ပုံတွေကို
သေသေချာချာရှင်းပြလေသည်။ ဇနီးမှာလည်း စိတ်လှုပ်ရှားစွာ၊ ပျော်ရွှင်စွာဖြင့် နားထောင်လေသည်။
နောက်တစ်နေ့မနက်ခင်းတွင် ဇနီးဖြစ်သူမှာ ဈေးသို့သွားရာ အထည်ဆိုင်တွင်ရောက်နေလေသည်။ ထိုစဉ် ဖုန်းမြည်သောအခါ...
ယောက်ျား ။ “အချစ်ရေ .. မင်း ဖုန်းအသစ်ကလေးကို သဘောကျရဲ့ လားကွာ ”
ဇနီးသည်(စိတ်လှုပ်ရှားစွာဖြင့်) ။ “အင်း သဘောကျတယ်၊ သေးသေးပါးပါးကလေးနဲ့ ပေါ့ပေါ့ကလေးဆိုတော့ ကိုင်လို့ကောင်းတယ်၊ ရှင့်ရဲ့အသံကိုလည်း
ကောင်းကောင်းကြားရတယ်၊ ဒါပေမယ့် ကျွန်မ နားမလည်တာတော့တစ်ခုရှိတယ်”
ယောက်ျား ။ “အင်း.. ဘာကိုလဲ”
ဇနီးသည် ။ “ကျွန်မ ဒီအထည်ဆိုင်ကို ရောက်နေမှန်း ရှင် ဘယ်လိုလုပ်သိလဲ”

:)
လူတစ်ယောက်သည် ကားကို သတ်မှတ်အရှိန်ထက် ကျော်လွန်စွာမောင်းလာလေရာ နောက်မှ ရဲကားက လိုက်လေသည်။ ထို့ကြောင့် ကြောက်ကြောက်လန့်လန့်ဖြင့်
လီဗာကို အသားကုန်တင်၍ မောင်းပြေးလေသည်။ သို့သော်လည်း ရဲကားက နောက်မှ လိုက်မြဲသာ။ နောက်ဆုံးတွင် လုံးဝမတတ်နိုင်တော့ပဲ လမ်းဘေးကိုချပြီး
ကားကိုရပ်လိုက်လေသည်။
ထိုအခါ နောက်ရဲကားမှ ယာဉ်ထိန်းရဲက ထွက်လာပြီး
ရဲ ။ “ဟေ့လူ ခင်ဗျားဗျာ... ယာဉ်စည်းကမ်းနားမလည်တဲ့အပြင် နောက်ကနေလိုက်တာကို ထွက်ပြေးတယ်.. ကဲ... လိုင်စင်ကလေးထုတ်ပြ၊ ပြီးရင် ဘာကြောင့်
မောင်းပြေးတာလဲဆိုတာကို ရှင်းပြနိုင်ရင် ကျုပ်ခင်ဗျားကို လွှတ်ပေးမယ်....”
လူ ။ “ဒီလိုပါဗျာ... ကျွန်တော့်အမျိုးသမီးက လွန်ခဲ့တဲ့တစ်ပတ်လောက်က ရဲတစ်ယောက်နဲ့ ထွက်ပြေးသွားတယ်.. အဲ့ဒါ လမ်းမှာ ကျွန်တော်ကားမောင်းတော့
ကျွန်တော့်ကားနောက်မှာ ခင်ဗျားရဲ့ရဲကားကို ရုတ်တရက်တွေ့လိုက်ရတော့ ကျွန်တော့်မိန်းမကို ပြန်အပ်မယ်လို့ထင်လို့ ကျွန်တော်မောင်းပြေးတာပါခင်ဗျာ”

:)
အားကိုးပါရစေ။
ဆေးခန်းပိတ်တော့မယ့်အချိန်မှာ အမူးလွန်နေတဲ့ လူတယောက် ဆေးခန်းကိုရောက်လာတယ်....
''ဘာဖြစ်လို့လဲ''
''ဘာမှ မဖြစ်ပါဘူး ဆရာ။ ဆရာ ဆေးခန်းပိတ်တော့မှာမို့ အကူအညီတောင်းချင်လို့''
''ပြောပါ''
''အိမ်ပြန်ဖို့ မျက်စိလည်နေလို့''
''ကျွန်တော်က ဘယ်လိုလုပ် ကူညီရမှာလဲ''
''ဆရာ့ကားနဲ့ လိုက်ခွင့်ပြုပါ ဆရာ။ ကျွန်တော်က ဆရာ့အခန်းရဲ့ ဘေးခန်းကပါ ဆရာ''

:)
အားကိုးပါရစေ (၂)။
လူငယ်ဆရာဝန်လေးက သူ့ရဲ့ဆေးန်းဖွင့်ပွဲမှာ -
''ကျွန်တော် ရပ်ကွက်သူ၊ ရပ်ကွက်သားများကို အားကိုးပြီး ကျွန်တော့်ရဲ့ ဆေးခန်းလေးကို ဖွင့်လိုက်ပါပြီ။ ဒီနေရာလေးကို ရွေးချယ်ရတဲ့ အကြောင်းရင်းကတော့
ကျန်းမာရေးစောင့်ရှောင်မှုကိုလုပ်ငန်းတွေ အားသွန်ခွန်စိုက်လုပ်ချင်လို့ပါ။ ကျွန်တော်ရပ်ကွက်သူ၊ ရပ်ကွက်သားများကို အားကိုးပါတယ်''
ဒီတော့ အသက်ကြီးကြီး အဘိုးကြီးတယောက်က -
''သဘောပေါက်ပါပြီကွယ်။ ဆရာလေး ဘာမှမပူပါနဲ့။ အဘတို့ တတ်နိုင်သလောက်တော့ ဖျားနာပေးပါ့မယ်''

:)
တစ်ခါက လင်မယားနှစ်ယောက်သည် ငါးမျှားလို့ရသော အပန်းဖြေစခန်းတစ်ခုကိုအားလပ်ရက်ခရီးထွက်ခဲ့ကြသည်။ ယောင်္ကျားက ငါးမျှားလျှင်
ခဏတဖြုတ်ပဲမျှားချင်၏် ။ မိန်းမကတော့ စာဖတ်ဝါသနာ ပါလေသည်။ တစ်ရက်သောမနက်ခင်းမှာအချိန် အကြာကြီး ငါးမျှားရာမှ ပြန်လာသော ယောင်္ကျားက
တရေးတမောအိပ်ရန်ဆုံးဖြတ်လိုက်သည် ။ မိန်းမ ကတော့ စာဖတ်မည်ဟု စိတ်ကူး၍ ရေကန်ထဲတွင်လှေထုတ်လှော်သည်။ ဟိုနားဒီနား လှေလှော် ကြည့်ရင်း
ပျင်းလာသောအခါစာအုပ်ထုတ် ၍ စာဖတ်နေလိုက်သည် ။
ထိုအခါ တာဝန်ရှိသူအရာရှိတစ်ယောက် မော်တော်ဘုတ်ဖြင့် ရောက်လာသည် ။
လှေအနား ကပ်လာကာ ဒီလိုစမေးလေသည် ။
“မင်္ဂလာမနက်ခင်းပါ မိန်းကလေး၊ မင်းဒီမှာဘာ လုပ်နေတာ လဲ”
မိန်းကလေးက
“စာအုပ် ဖတ်နေ ပါတယ်” ဟုပြန်ဖြေရင်း ဒီလူ မျက်စိကန်းနေတာလားဟု တွေးလိုက်သည်။
“ဒီနေရာမှာ ငါးမျှားခွင့် မရှိဘူး မိန်းကလေး” “ဒီနေရာဟာ ကန့်သတ်နယ်မြေ”
“ကျမ ငါးမမျှားပါဘူး အရာရှိကြီးရယ် ..စာဖတ်နေတာ ရှင်မမြင်ဘူးလား”
“မင်းရဲ့ လှေပေါ်မှာ ငါးမျှားတံတွေနဲ့ ငါးမျှားတဲ့ ပစ္စည်းကရိယာ အစုံအလင်ပါနေတယ်”
“………”
“မင်းကို ဒါဏ်ငွေရိုက် အရေးယူရလိမ့်မယ် မိန်းကလေး”
“ရှင်ကငါးမျှားတံတွေနဲ့ ငါးမျှားတဲ့ ပစ္စည်းကရိယာ အစုံအလင်ပါနေလို့ ကျမကိုဒါဏ်ငွေရိုက်မယ်ဆိုရင် ရှင့်ကိုလဲ မုဒိမ်းမှု နဲ့တရားပြန်စွဲ ရလိမ့်မယ်” ဟု
မိန်းကလေးက ပက်ခနဲ ပြန်ပြောလိုက်သည် ။
” ဟာ…ငါမင်းကို လက်ဖျားနဲ့တောင် မထိဘူးနော်”
အရာရှိက ကြောက်လှန့်တကြား ပြောလိုက်၏။
”မှန်ပါတယ် ၊ ဒါပေမဲ့ ရှင့်မှာလည်း ပစ္စည်းကရိယာ အစုံအလင်ပါနေတာပဲမဟုတ်လား”

:)
အားကိုးပါရစေ (၃)။
''ဘာဖြစ်သလဲ''
''ဘာမှမဖြစ်ဘူး ဆရာ။ ဒါကြောင့် ဒီအတိုင်းလေး အမြဲနေနိုင်အောင် လမ်းညွှန်ပေးပါဦး''
''ဟုတ်ပြီ။ ကျန်းမာရေး စစ်ဆေးကြည့်မယ်။ အားနားချက်တွေ့ရင် ဘာမှဖြစ်မလာရလေအောင် ကာကွယ်ပေးမယ်''
(သို့ဖြင့် အထွေထွေ ကျန်းမာရေး စစ်ဆေးပြီးသောအခါ'
''ခင်ဗျားမှာ ဘာရောဂါမှ မရှိဘူး''
''ဒါဖြင့် ကျွန်တော် ဘယ်လိုနေရမယ်ဆိုတာ ညွှန်လို့မရဘူးပေါ့''
''ဘာရောဂါမှ မရှိဘူးလေ။ နေချင်သလိုနေပေါ့''

:)
လူနှစ်ယောက်သည် ဘားဆိုင်တစ်ဆိုင်မှာ ထိုင်ပြီး ဘီယာသောက်နေကြသည်။
တစ်ယောက်က သူသောက်နေသည့် ဖန်ခွက်ကို မြှောက်ပြီး သူ့အဖော်ကို ပြောလိုက်သည်။
“ရေတစ်ခွက်နဲ့ ဘီယာတစ်ခွက်မှာ ဘာတွေ ကွာခြားလဲကွ။ မင်းစဉ်းစားကြည့်စမ်း”
အဖော်ဖြစ်သူက တွေးတွေးဆဆဖြင့် ပြန်ဖြေသည်။
“တစ်ပေါင်နဲ့ ဆယ်ပဲနိ ကွာတယ်”

:)
ဘုံဆိုင်ကို လာသောက်နေကျ ဖောက်သည်တစ်ယောက်သည် ဆိုင်အပြင်သို့ ထွက်မသွားခင် အရက်ကောင်တာပေါ်မှာ ၂ ပေါင်တင်ပေးခ့သဲ ည်။ ဘားစာရေးက
ထိုလူတင်ပေးသွားသည့် ငွေကို အိတ်ကပ်ထဲအသာထည့်ပြီး တစ်ဖက်လှည့်ကြည့်လိုက်ရာ၊ သူ့ကိုစူးစမ်းသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည့် မန်နေဂျာကို
တွေ့လိုက်ရသည်။
ထိုအခါ ဘားစာရေးက ခပ်တည်တည်နှင့် ပြောလိုက်သည်။
“ဆရာ ယုံမလားတော့ မသိဘူး။ သူက ကျွန်တော့်ကို မုန့်ဖိုးနှစ်ပေါင်ပေးခဲ့တယ်။ သူသောက်သွားတဲ့ အရက်ဖိုးတော့ မပေးခဲ့ဘူးဗျ”

:)
အရက်မူးသမားနှစ်ယောက်သည် သင်္ဘောဆိပ်ခံတံတားပေါ်ယိုင်ထိုး ယိုင်ထိုးဖြင့် လျှောက်လာကြရာ တစ်ယောက်မှာ ခြေချော်ပြီး ပင်လယ်ထဲသို့ ကျသွားသည်။
ပင်လယ်ထဲကျသွားသူက ရေထဲကလှမ်းအော်သည်။
“ကယ်ကြပါဦး၊ ကယ်ကြပါဦး၊ ကျုပ် ရေမကူးတတ်ဘူးဗျ။ ကျုပ်ရေမကူးတတ်ဘူး ”
“ဟ …ဘာလဲကွ၊ ငါလည်း ရေမကူးတတ်ဘူး၊ ဒါပေမယ့် မင်းလိုတော့ အော်မနေဘူးကွ” ဟုတံတားပေါ်မှာ ကျန်ခဲ့သူက ပြန်ပြောသည်။

:)
လူတစ်ယောက် သည် ဆရာဝန်၏ညွှန်ကြားမှုကြောင့် တော်တော်စိတ်ညစ်သွားသည်။ သူသောက်နေကျ ၀ီစကီကို ဆက်မသောက်ပါနှင့်တ့။ဲ
ဆရာဝန်က သူ့ကို ကူညီလိုစိတ်အပြည့်နှင့် ပြောသည်။
“ခင်ဗျား ၀ီစကီသောက်မယ့်အစား တစ်ခုခုနဲ့ အစားထိုးကြည့်ပေါ့ဗျာ။ ပန်းသီးစာပြီး ၀ီစကီသောက်နေသလို ခံစားပေါ့”
ထိုအခါ ထိုလူသည် ဆရာဝန်ပြောမှ စိတ်ညစ်သွားကာ ဆရာဝန်ကို ပြန်ပြောလိုက်သည်။
”တစ်နေ့ ပန်းသီး အလုံးခြောက်ဆယ်စားရရင်တော့ သောက်ကျိုးနည်းပြီ ဆရာရယ်။ ကျွန်တော့် အစာအိမ်က ဘယ်လိုလုပ် အစာကြေအောက် လုပ်နိုင်တော့မှာလဲ”

:)
အမူးသမား တစ်ယောက်သည် သန်းခေါင်ကျော် ပွဲတစ်ပွဲကြည့်ရန် ရုပ်ရှင်ရုံထဲသို့ ၀င်လာသည်။ လက်မှတ်ရောင်းသည့် ကောင်မလေးက သူ့ကို
လက်မှတ်တစ်စောင်ရောင်းပေးလိုက်သည်။ အမူးသမားက ရုပ်ရှင်ပြခန်းသို့ ၀င်သွားသည်။ သူဝင်သွားပြီး ခဏကြာသော အခါ ပြန်ထွက်လာပြီး
လက်မှတ်နောက်တစ်စောင် ထပ်ဝယ်ပြန်၏ လက်မှတ်ရောင်းကောင်မလေးက တအံ့တသြဖြင့် လက်မှတ်ရောင်းလိုက်သည်။ သို့ရာတွင် တတိယအကြိမ်မြောက်
ထိုလူထွက်လာပြန်သောအခါ မနေနိုင်တော့၍ စာရေးမက မေးလိုက်သည်။
“ရှင် အခုဝယ်တဲ့ လက်မှတ်ပါဆို သုံးဆောင်ရှိသွားပြီ သိရဲ့လား”
ထိုအခါ အမူးသမားက အေးအေးဆေးဆေးပင် ပြန်ဖြေသည်။
“ကျုပ်သိပ်သိတာပေါ့။ ဒါပေမယ့် ကျုပ်အတွင်းထဲကို ၀င်သွားလိုက်တိုင်း ဗလကောင်းကောင်း ငနဲတစ်ယောက်က ကျုပ်လက်မှတ်ကို ဆွဲယူပြီး ဖြဲဖြဲပစ်လို့
ထပ်ဝယ်လာတာ”

:)
သတိ (၁)။
''ကျန်းမာရေးအသိ ကျန်းမာရေး သတိဆိုတာ ရှိရမယ်ကွ''
''ရှိပါတယ်ဗျ''
''အစားအသောက်ကို ဆင်ခြင်ရမယ်။ အလွန်အကျွံမစားရဘူး။ သင့်ရုံတင့်ရုံစား။ တန်ဆေးလွန်ဘေးတဲ့။ အစားမတော်တလုတ်တဲ့။ အစာလည်းဆေး
ဆေးလည်းအစာဆိုတာ အစားအသောက်ဆင်ခြင်ဖို့ သတိပေးထားတာ''
''ဒါဖြင့် ခင်ဗျားဘာလို့ ဒူးနာ နေတာလဲ''
''အဲဒါက အစားနဲ့မဆိုင်ဘူးလေ။ အသွားမတော်တလှမ်းကို သတိမထားမိလို့''

:)
တစ်ခါက လူတစ်ယောက်ဟာ သူဌေးတစ်ယောက် ဆီက နွားတစ်ကောင် ခဏငှား လိုကြောင်း သူ့ တပည့်တစ်ယောက် နှင့် စာရေး ပေးလိုက်ပါတယ် တဲ့...
သူဌေဆီရောက်တဲ့ အခါ သူဌေးက ဧည့်သည်တစ်ယောက်နဲ့ စကားပြောနေတုန်း စာကိုပေးလိုက်ပါေ၇ာ..
သူဌေးကစာမတတ်ပေမယ့်လဲ ဧည့်သည်ရှေ့ မှာစာ ဖတ်ပြီး ခပ်တည်တည်နဲ့  ပြန်ပြောလိုက်တာကတော့..
" အေး ငါအခုမအားသေးလို့ ခဏနေမှ ငါကိုယ်တိုင်လိုက်လာခဲ့မယ် " ဟူသတတ်၊၊

:)
ကြိုက်တာဝယ်စား
အမေရိကန်နိုင်ငံရှိ ၀က်မွေးမြူသူတစ်ဦးထံသို့ တစ်နေ့သောအခါ လူကြီးလူကောင်းတစ်ဦး ရောက်ရှိလာပြီးစုံစမ်းလေ၏ ။
" ခင်ဗျားရဲ့ဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ "
" ကျွန်တော့်ဝက်တွေကို ထမင်းကျန်၊ ဟင်းကျန်တွေနဲ့ ဟင်းသီးဟင်းရွက်အပုပ်တွေ ရောစပ်ပြီးကျွေးပါတယ် "
" ကြားရတာစိတ်မကောင်းစရာပဲ၊ ကျွန်တော်က ကမ္ဘာ့တိရိစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကအရာရှိပါ ။ အခုလိုကျန်းမာရေးနဲ့မညီညွတ်တဲ့အစာတွေ
ကျွေးမှုအတွက်ခင်ဗျားကို ဒေါ်လာတစ်ထောင်ဒဏ်ငွေရိုက်ရပါလိမ့်မယ် "
ဒဏ်ငွေဆောင်ပြီး ( ၃ ) လခန့်ကြာပြန်သော် နောက်ထပ်လူကြီးလူကောင်းတစ်ဦး ရောက်လာပြီး စုံးစမ်းပြန်၏ ။
"ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ "
" ဟုတ်ကဲ့၊ ပေါင်မုန့်၊ ပူတင်း၊ ဒိန်ခဲ၊ အာလူး၊ ကြက်ပေါင်းနဲ့ ဗိုက်တာမင်အားဆေးတွေ ရောစပ်ပြီးကျွေးပါတယ်ခင်ဗျာ "
" အားပါး၊ အံ့သြစရာပဲ၊ ကျွန်တော်က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က အရာရှိပါ ။ ကမ္ဘာကြီးရဲ့လူဦးရေလေးပုံတစ်ပုံလောက် နှစ်စဉ်အငတ်ဘေးကြုံနေရတာကိုတောင်မှ
ခင်ဗျားကခြိုးခြုံမှုမရှိဘဲ ဖြုန်းတီးပစ်နေတာ အဲဒီအတွက်ခင်ဗျားကို ဒေါ်လာတစ်ထောင်ဒဏ်ငွေရိုက်ပါတယ် "
ဒဏ်ငွေဆောင်ပြီး များမကြာမီနောက်တစ်ဦးလာပြန်လေ၏ ။
" ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေးပါသလဲခင်ဗျား "
" တစ်ကောင်ကို တစ်ဒေါ်လာစီပေးပြီး ကြိုက်တာဝယ်စားလို့ ပြောလိုက်တယ် "

:)
စည်းကမ်းရှိသူ
" လူတွေကစည်းကမ်းမရှိကြဘူးဗျာ ။ ငှားပြီးရင်ပြန်မပေးချင်ကြဘူး ။ ခင်ဗျားတို့ပတ်ဝန်းကျင်တော့ မပြောတတ်ဘူး "
" ကျွန်တော့်ပတ်ဝန်းကျင်က စည်းကမ်းရှိရှိပြန်ပေးပါတယ် ။ မိုးတွင်းတုန်းကငှားသွားတဲ့ထီးကို ဆောင်းတွင်းကျတော့ လာပြန်ပေးပြီး စောင်ပြန်ငှားသွားတယ် ။
နွေရောက်တော့ စောင်လာပို့ပြီး ယပ်တောင်ပြန်ငှားသွားကြတယ်ဗျ "

:)
မှားယွင်းမှု၏ရလဒ်
" မင်းနဲ့ငါနဲ့ညားလာတာ အခုဆိုရင်အိမ်ထောင်သက်တမ်း အနှစ်အစိတ်ရှိပြီ ။ တကယ်တမ်းပြောရရင် အဲဒီကိစ်စဟာ မှားယွင်းမှုတစ်ခုရဲ့ ရလဒ်ပဲ "
" ဘယ်လို ဘယ်လို ဘာပြောတယ် ရှင်းစမ်းပါဦး "
" ဒီလိုလေ၊ အဲဒီမင်းကို စတွေ့တဲ့နေ့က ငါလေချွန်မိတာ မင်းကိုခေါ်တာ မဟုတ်ဘူး ။ တက္ကစီသမားကိုကွ "

:)
သိနားလည်မှု
" မင်းတို့ထဲမှာ စန္ဒရားအကြောင်း ကောင်းကောင်းသိတဲ့သူ ပါသလားကွ "
" ပါပါတယ်ဆရာ၊ ကျွန်တော် စန္ဒရားတီးတတ်ပါတယ်။ စန္ဒရားအကြောင်း ကောင်းကောင်းသိပါတယ် "
" ဒါဆို ဒီစန္ဒရားကို ကားပေါ်တင်တဲ့အခါ မင်းကဦးဆောင်ပြီး ဂရုစိုက်တင်ပေးစမ်းပါကွာ

:)
သူ့လက်ရာ
" ဒီနေ့ ကျွန်မချက်ကျွေးတဲ့ဟင်းက ဘယ့်နှယ်နေလဲဟင် "
" ကောင်းတယ် မိန်းမရာ၊ ချိုပြီးဆိမ့်နေတာပဲ "
" မဟုတ်သေးပါဘူးတော်၊ ချက်နည်းပြုတ်နည်းစာအုပ်ထဲမှာ ချဉ်စပ်လို့ရေးထားတယ်ရှင့် "

:)
ထီးတစ်လက်၏သံသရာ
" အခုလာရတာကတော့ လွန်ခဲ့တဲ့သုံးရက်က ကျွန်တော့်ဆီက ငှားသွားတဲ့ထီးကို ပြန်ယူချင်လို့ပါ "
" ဟောဗျာ၊ သူငယ်ချင်းတစ်ယောက် မနေ့ကအိမ်လာလည်ရင်း ခဏငှားသွားတယ်ဗျ။ သူ့ဆီသွားတောင်းတော့ ယောက်ဖတစ်ယောက် ခဏငှားသွားလို့ပါတဲ့။
အရေးကြီးသလား၊ လိုက်ရှာပေးမယ်လေ "
" အရေးကြီးပါသော်ကောဗျာ။ ကျွန်တော်ကလည်း အဲဒီထီးကိုငှားဆောင်းလာခဲ့တာ။ အဲဒါလာတောင်းနေလို့ဗျို့။ သူကလည်းဒီထီးဟာ သူ့ထီးမဟုတ်ဘူး
ခဏငှားလာတာတဲ့ "

:)
စိတ်ချစမ်းပါ
" ဒီမှာရှင့် လေယာဉ်ပျံမောင်းတဲ့ဆရာကြီး၊ ကျွန်မတစ်ခါမှ လေယာဉ်ပျံမစီးဖူးလို့ ရင်တွေတုန်လိုက်တာရှင်။ ကျွန်မတို့ခရီးသည်တေအွားလုံးဘေးကင်းရန်ကင်းနဲ့
မြေပြင်ပေါ်ပြန်ရောက်မှာပါနော် "
" စိတ်ချပါဗျာ။ ကျွန်တော်လေယာဉ်မောင်းလာတာကြာပါပြီ။ ဘယ်သူ့ကိုမှ ကောင်းကင်မှာမထားခဲ့ပါဘူး "

:)
ယုံပါတယ်
" တစ်ဆိတ်လောက် ခင်ဗျား၊ ကျွန်တော့်စက်ဘီးကို ကြည့်ထားပေးစမ်းပါ "
" ဟေ့ကောင် ငါကအယ်ဒီတာကွ "
" ရပါတယ်၊ ကျွန်တော်ခင်ဗျားကိုယုံပါတယ် "

:)
မေမေ့စကား
" လက်ရေးညံ့လိုက်တာကွာ၊ မင်းကိုနေ့တိုင်းရိုက်ရတာလည်း လက်ညောင်းလှပြီ၊ မင်းအိမ်ကဘာမှဂရုမစိုက်ဘူးလား "
" ကျွန်တော့်မေမေကပြောတယ်ဆရာ၊ ငါ့သားလက်ရေးမလှလည်းကိစ်စမရှိဘူးတဲ့၊ ဘယ်သူမှမဖတ်တတ်ရင်နေပါစေတဲ့၊ ကြီးရင်ဆရာဝန်လုပ်ခိုင်းမှာတဲ့ "

Hnin Hnin



Thant Zaw Myint and Hein Thu ( my friends )
In the train to Sentosa ( singapore )

Friday, June 26, 2009







Today i feel so happy coz when i see my photos with my friends that we went out a peaceful trip to sentosa beach in singapore.



All these photos are not erase in my heart.

Friday, June 19, 2009


I have alot of expectations in my life and i though that all my expectations are enough for my whole life.

At that time, i never think that all this my wonderful expectations departed my life from my lovely family.

Now , i can only miss them from the far place in the world and look for the way to get back to my family.